top of page

ပန်းလှိုင်နေထိုင်မှုဘဝ - စိတ်ဝင်စားဖွယ် အကြောင်းအရာများနှင့်အတူနိုဝင်ဘာလသတင်းစာစောင်

  • Writer: Pun Hlaing Estate
    Pun Hlaing Estate
  • Oct 28, 2020
  • 1 min read

Updated: Oct 29, 2020

By Win Pa Pa Myo @ Grace


ချစ်ခင်လေးစားအပ်ပါသောပန်းလှိုင်ဂေါက်ကွင်းအိမ်ရာဝင်းအတွင်းနေထိုင်သူများနှင့်မိတ်ဆွေများခင်ဗျာ/ရှင်။

မိုးဥတုကုန်ခါနီး နေရောင်ခြည်လေးကို ပြန်လည် မြင်ရလာတာနဲ့အတူ မြောက်လေအေးအေးလေးနဲ့ နေလို့ကောင်းတဲ့ ဆောင်းဥတုလေးကို ကြိုဆိုနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ရာသီဥတုလေးသာယာလာတာနဲ့အမျှ အိမ်ရာဝင်းအတွင်းမှာ စိမ်းစိုလှပတဲ့သစ်ပင်ပန်းမန်လေးတွေကို ကြည့်ရှုခံစားရင်း သဘာဝနဲ့အတူ မိမိတို့ရဲ့ စိတ်တွေလန်းဆန်းစေဖို့အတွက် အချိန်ကောင်းလေးဖြစ်လို့လာပါတယ်။ အိမ်ထဲမှာနေတာဖြစ်စေ၊ အိမ်ပြင်ပထွက်ပြီး အသစ်အဆန်းတွေကို တွေ့ကြုံခံစားလိုသည်ဖြစ်စေ နေရာဒေသစုံက ယဉ်ကျေးမှု၊ ဓလေ့မျိုးစုံတဲ့သူတွေ စုဝေးနေတဲ့ အိမ်ရာဝင်းမှာ လုပ်ဆောင်နိုင်တဲ့အစီအစဥ်တွေကတော့ အများကြီး ရှိလို့နေပါတယ်။

အိမ်ရာဝင်းအတွင်းနေထိုင်သူများအတွက်သာ သီးသန့်ပြုလုပ်ပေးထားတဲ့ အသစ်သစ်သော အစီအစဥ်များမှာ ပျော်ရွှင်တက်ကြွစွာ ပါဝင်လိုက်ပါ။


ချစ်ခင်စွာဖြင့်


ပန်းလှိုင်စီမံခန့်ခွဲရေးနှင့်အဖွဲ့

 
 

အိမ်ရာဝင်းအတွင်းမှ အစီအစဥ်အသစ်များနှင့် ပြန်လည်ဖွင့်လှစ်မှုများ

 

အနုပညာတွေကို ခံစားကြည့်ရှုမယ်၊ အိမ်ထဲမှာနေရင်းခရီးသွားမယ်၊ စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ရာ အစီအစဥ်လေးတွေမှာ ပါဝင်ကြမယ်။


ပန်းလှိုင်အိမ်ရာမှ သီတင်းကျွတ် ပိတ်ရက်တွေမှာ အိမ်မှာ နေရင်းကြည့်ရှုခံစားလို့ရမယ့် စိတ်ဝင်စားဖွယ် virtual အစီအစဥ်လေးတွေကို စုစည်းဖော်ပြပေးထားပါတယ်။ ပိတ်ရက်မှာ အိမ်ထဲကနေ စွန့်စားမှုတွေပြုလုပ်ရင်း အချိန်တွေကို အကျိုးရှိစွာ ကုန်ဆုံးလိုက်ပါနော်။

 

ကျန်းမာစွာနေထိုင်စားသောက်လိုက်ပါ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ စျေးဝယ်ယူမှုကို ပြုလုပ်ပါ

အပတ်စဥ် ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့ နေ့လည် ၂ နာရီကနေ ညနေ ၄ နာရီအထိ Country Store ဘေးမှာ ပြုလုပ်လျက်ရှိတဲ့ 'Metro Grocery Market' မှာ အမျိုးအစားစုံလင်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ လတ်ဆတ်သန့်ရှင်းတဲ့ အသီးအနှံ၊ အသီးအရွက်တွေကို ဝယ်ယူ ရရှိနိုင်မှာပဲဖြစ်ပါတယ်။ Chef Pakadee နှင့်အတူတူ ကိုယ်တိုင်ချက်ပြုတ်စားသောက်ပါ အနံ့အရသာနဲ့ပြီးပြည့်စုံပြီး စားလိုက်သူတိုင်း လျှာလည်သွားစေမယ့် (Pad Kra Pao Gai) မြန်မာအခေါ် - ကြက်ပင်စိမ်းလေးကို Chef Pakadee ရဲ့ ချက်ပြုတ်နည်းနဲ့အတူ စမ်းသပ်ချက်ပြုတ်ကြည့်လိုက်ပါ။

ထိုင်းအစားအစာကို ကြိုက်နှစ်သက်သူတွေအတွက် ဒီဟင်းလျာလေးက နေ့လည်စာအဖြစ်စားစား၊ ညစာအဖြစ်စားစား အဆင်ပြေပြီး လုပ်ရတာလည်းလွယ်ကူပါတယ်။ အရသာရှိတဲ့ ကြက်ပင်စိမ်းလေးကို တဆင့်ချင်းစီ ဘယ်လိုလုပ်လည်းဆိုတာ ကြည့်ကြည့်လိုက်နော် : Link

 

လှုပ်ရှားမှုတွေပြုလုပ်ကြပါစို့

Pwint နှင့်အတူတူ ယောဂကျင့်မယ်၊ Billie နှင့် Zumba ကကြမယ်။

ယောဂပဲဖြစ်ဖြစ် Zumba ပဲဖြစ်ဖြစ် အဓိကကျတာကတော့ ကိုယ်လက်လှုပ်ရှားမှုနဲ့ ပျော်ရွှင်မှုရှိဖို့ပါပဲ။

ပါဝင်ရန် here


ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝလေးကို တည်ဆောက်ကြမယ်

အားကစားစီးဖိနပ်လေးကို ဝတ်ပြီး လမ်းလျှောက်မလား၊ အပြေးလေ့ကျင့်မလား၊ ဒါမှမဟုတ် စက်ဘီးလေးကို သာယာတဲ့ ရာသီဥတုလေးနဲ့အတူ လူဦးရေသိပ်သည်းမှုနည်းပါးတဲ့ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာအတွင်း ပတ်စီးကြမလား? ဒီလိုမျိုးခက်ခဲတဲ့အချိန်ကာလမှာ အိမ်ရာဝင်းအတွင်းက သဘာဝအလှတွေနဲ့အတူ နေထိုင်သူတွေ ကျန်းမာရေးလိုက်စားနေကြတာကို တွေ့မြင်ရတဲ့ အလွန်ပဲ ကြည်နူးဂုဏ်ယူမိပါတယ်။

 

COVID-19 နှင့်ပတ်သက်၍ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာမှလုပ်ဆောင်မှုများ


Virtual Residents' Coffee & Conversation

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ virtual Residents' Town Hall မြင်ကွင်းလေးကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုအဖွဲ့မှ COVID-19 နှင့်ပတ်သက်တဲ့ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေခဲ့ရုံမက ဓလေ့စုံလူမှုဝန်းကျင် နှင့် လုံခြုံမှုရှိတဲ့ အိမ်ရာဝင်းအတွင်းမှာ ပြုလုပ်လျက်ရှိတဲ့ ပရောဂျက်အသစ်တွေ၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဥ်တွေနဲ့ပတ်သက်ပြီးလည်း ရှင်းလင်းတင်ပြမှုတွေပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

မိတ်ဆွေမှအိမ်နီးနားချင်းသို့ဓလေ့စုံလူမှုဝန်းကျင် (INCLUSIVE COMMUNITY )

To Buy

The Hills @ Pun Hlaing ဟာ သင့်မိသားစုအတွက် ယုံကြည်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။

အရေအတွက် အနည်းငယ်သာ ဆောက်လုပ်မယ့် The Hills @ Pun Hlaing က အသက်အရွယ်မျိုးစုံနဲ့ ကိုက်ညီအဆင်ပြေပြီး မိသားစုအတွက် သာယာတဲ့ ရိပ်မွန်တစ်ခုဖြစ်ဖို့အတွက် ရည်ရွယ်ပြီး ဒီဇိုင်းပုံဖော်ထားတာပဲဖြစ်ပါတယ်။

စုံစမ်းရန်: +9594 2171 7676 | punhlaingsales@yomaland.com

To Rent

မျှဝေခြင်းဖြင့်အကျိုးခံစားခွင့်တွေရယူလိုက်ပါ။ သူငယ်ချင်းတွေကို ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာမှာနေထိုင်ဖို့ ညွှန်းပေးရုံနဲ့ $200 ခံစားခွင့်ကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

- Exclusive for all residents at Pun Hlaing

- Terms & conditions apply.

စုံစမ်းရန်: +95 9763026447 | punhlaingrentals@yomaland.com

 

JUNIOR GOLF



 

SPONSORED

 
 

 
 
 

Comments


© 2020 by Pun Hlaing Estate. All Rights Reserved.

Subscribe to newsletter

  • Facebook
  • YouTube
  • Instagram
bottom of page